| ဟားမက်စ် မြေအောက်လိုဏ်ခေါင်းတွေကို ဓါတ်ငွေ့သွင်းပြီးတိုက်ခိုက်ပြီ
| ဂျူးတွေရဲ့ကြောက်စရာကောင်းတဲ့အငြိုး
ဟားမက်စ် မြေအောက်လိုဏ်ခေါင်းတွေကို ဓါတ်ငွေ့သွင်းပြီးတိုက်ခိုက်ပြီ
လက်ရှိမှာ အစ္စရေးသံချပ်ကာယာဉ်တွေက နယ်စပ်မှာရှိနေပြီး မြို့ထဲကို ဝင်တော့မှာဖြစ်ပေမဲ့ အခွင့်အရေးကြီးတစ်ခုကို ယမန် နေ့ကရရှိခဲ့ပါတယ်။ မြို့ပြဒေသမှာ ဟားမတ်စ်တွေရဲ့ ထောင်ချောက်နဲ့ လိုဏ်ခေါင်းတွေ ပြည့်နှက်နေပေမဲ့ ကမ်းခြေဘက်ခြမ်းကို အလွတ်ထားခဲ့ပါတယ်။ မြို့ထဲမှာ မိုင်းတွေထောင်ထားပေမဲ့ ကမ်းခြေသဲသောင်ပြင်ပေါ်မှာ ထောင်ချောက်တွေ မြှုပ်နှံထားတာမရှိတဲ့အတွက် လစ်ဟာနေတဲ့ အခြေအနေကို အစ္စရေးစစ်တပ်က သတိပြုမိသွားပြီး ကမ်းခြေဘက်ကနေ ချီတက်ခဲ့ကြတယ် လို့ အစ္စရေးစစ်ဘက်တာဝန်ရှိသူတစ်ဦးကပြောပါတယ်..
။ တင့်ကားနဲ့ သံချပ်ကာယာဉ်တွေက ပင်လယ်ဘက်ကနေတဆင့် မြို့လယ်ခေါင်ကိုရောက်အောင် ချီတက်ခဲ့ကြပါတယ်။ ကုန်းတွင်းပိုင်းကို (၅) ကီလိုမီတာလောက် ဝင်ရောက်လာခဲ့ပြီး၊ ဟားမတ်စ်တွေကို ဝိုင်းထားပါတယ်။ အစ္စရေးတပ်တွေက ဘိတ်လာဟီးယား ကျေးရွာအောက်ဘက်ကို စတင်ရောက်ရှိလာပြီး အဆောက်အဦတွေကို ကွပ်ကဲထိန်းချုပ်မှုဗဟိုဌာနအနေနဲ့ အသုံးပြုသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒိနောက် ဘိတ်လာဟီးယားကျေးရွာကို ဆက်လက်ချီတက်ပြီး၊ ကမ်းခြေတစ်ခုလုံးကို ထိန်းချုပ်ထားမှာ ဖြစ်ပါတယ်။ ဒီနေရာဟာ (၂၅) စတုရန်းကီလိုမီတာ ကျယ်ဝန်းပါတယ်။ အစ္စရေးစစ်တပ်အနေနဲ့ အောင်မြင်စွာ ထိန်းချုပ်နိုင်ပါက ဒီနေရာမှာနယ်မြေစိုးမိုးမှုရရှိလာမှာဖြစ်ပါတယ်.. ကမ်းရိုးတန်းကို ထိန်းချုပ်ရင်း ဟားမတ်စ်တွေရဲ့ ပင်လယ်ပြင်အခြေစိုက်ပစ်မှတ်တွေ