| ဟားမက်စ် တို့ပစ်ခတ်နေတဲ့ဒုန်းတွေကိုဖျက်ချဖို့အရေးပေါ်ဖြစ်နေတဲ့ အစ္စရေး

| ဟားမက်စ်တို့ပစ်ခတ်နေတဲ့ထောင်ပေါင်းများစွာသောဒုန်းတွေကိုဖျက်ချဖို့အရေးပေါ်ဖြစ်နေတဲ့အစ္စရေး လက်ရှိဖြစ်နေတဲ့ ပါလက်စတိုင်း ဟားမတ်စ် နဲ့ အစ္စရေးကြားက ပဋိပက္ခနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ ဘရာဇီးရဲ့အဆိုမူကြမ်းတင်သွင်းမှုကို အမေရိကန်က ဗီတိုအာဏာ သုံးပယ်ချခဲ့တာကို စိတ်ပျက်မိကြောင်း ရုရှားအမြဲတမ်းကိုယ်စားလှယ် ဗီဆီလီ  နီဘန်ညားက ပြောပါတယ်။ ဘရာဇီးရဲ့ အဆိုပြုချက်မှာ ပါလက်စတိုင်းတွေကို နေရာပြောင်းရွှေ့ခိုင်းနေတာကို ရပ်ဆိုင်းဖို့ ဂါဇာကို ပိတ်ဆို့ထားတာတွေ ဖယ်ရှားပေးဖို့နဲ့ အရပ်သားဓားစာခံတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ဖော်ပြထားတာလို့ နီဘန်ညားက ပြောပါတယ်။ ဘရာဇီးရဲ့ အဆိုပါ အဆိုပြုချက်မူကြမ်းကို ရုရှားအနေနဲ့ အချက် နှစ်ချက်ပြင်ဆင် ဖြည့်စွက်ပေးခဲ့ပေမဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုကြောင့် လုံခြုံရေးကောင်စီမှာ အတည်ပြုဆုံးဖြတ်နိုင်ခြင်းမရှိခဲ့ဘူးလို့ နီဘန်ညားက ဆိုပါတယ်။ ရုရှားကယူကရိန်းကို ကျူးကျော်စစ်ဆင်နွဲချိန် နဲ့ မြန်မာ့အရေးအကြပ်အတည်းဖြစ်ပေါ်နေချိန်တွေမှာလည်း ကုလသမဂ္ဂနဲ့ လုံခြုံရေး ကောင်စီဟာ ဘာမှ မလုပ်နိုင်ခဲ့သလို အခုဖြစ်ပျက်နေတဲ့ ဟားမတ်စ် အစ္စရေး စစ်ပွဲမှာလည်း ဘာမှ လုပ်ပေးနိုင်မှာမဟုတ်ဘူးလို့လည်း နိုင်ငံတကာသတင်းတွေမှာ သုံးသပ်ဖော်ပြပါတယ်။ ဂါဇာဆေးရုံပစ်ခတ်ခံရပြီးနောက်မှာ လူသားချင်းစာနာထောက်ထားမှုအတွက် အပစ်ချက်ခြင်းရပ်ဖို့နဲ့ အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်နေတာတွေကို ကန့်ကွက်ရှုတ်ချကြောင်း ရုရှားက ပြင်ဆင်ဖြည့်စွက်ခဲ့တာလို့ နီဘ
Back to Top