ရက်ပိုင်းအတွင်း စခန်း ၉၀ နီးပါးအသိမ်းခံလိုက်ရတဲ့ စစ်ကောင်စီတပ်ရဲ့ ​အခြေအနေ ဘယ်လိုရှိပါသလဲ

ရက်ပိုင်းအတွင်း စခန်း ၉၀ နီးပါးအသိမ်းခံလိုက်ရတဲ့ စစ်ကောင်စီတပ်ရဲ့ ​အခြေအနေ ဘယ်လိုရှိပါသလဲ ******************************* သံလွင်ခက် နိုဝင်ဘာ ၂ ၊ ၂၀၂၃ ။ ၁၀၂၇ စစ်ဆင်ရေး ရက်ပိုင်းအတွင်းမှာပဲ မဟာမိတ်တပ်တွေက စစ်ကောင်စီတပ်စခန်း ၉၀ နီးပါးကို သိမ်းပိုက်ရရှိထားသလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ဟာလည်း လက်နက်ချ၊ အလင်းဝင်ခဲ့ပါတယ် ။ တပ်ဖွဲ့ဝင်တွေ လက်နက်ချတာနဲ့ စခန်းအများအပြား အသိမ်းခံနေရတာက စစ်ကောင်စီလက်အောက်ခံတပ်သားတွေမှာ စိတ်ဓာတ်တွေဘယ်လောက်ထိပျက်ပြားနေတယ်ဆိုတာကို ပြသနေတာလို့ CDM ဗိုလ်ကြီးတွေက ပြောပါတယ်။ အဲ့ဒီအကြောင်းအရာတွေအပါအဝင် ရှမ်းမြောက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေရဲ့ အင်အားတွေက ဘယ်လိုရှိနေလဲ ၊ နိုင်ငံအနှံ့ထိုးစစ်တွေ ဆင်နိုင်ရင် စစ်ကောင်စီအားကိုးနေတဲ့ လေကြောင်းပစ်ကူတွေက ဘယ်လိုအခြေအနေ ဖြစ်သွားနိုင်မလဲ ?စတာတွေနဲ့ပတ်သက်ပြီး CDMဗိုလ်ကြီး ကောင်းသူဝင်းကို သံလွင်ခက်က မေးမြန်းထားပါတယ် ။
Back to Top