| ကြောက်စရာကောင်းတဲ့ အငြိုးနဲ့တိုက်ခိုက်နေတဲ့ အစ္စရေး လေတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု

| ကြောက်စရာကောင်းတဲ့ အငြိုးနဲ့တိုက်ခိုက်နေတဲ့ အစ္စရေးလေတပ်ရဲ့ ညသန်းခေါင်လေကြောင်းတိုက်ခိုက်မှု အရင်ရက်ပိုင်းတွေကတင် ဆီးရီးယားလေဆိပ်တွေကို အစ္စရေးစစ်တပ်က ဖျက်ဆီးပြီးတဲ့နောက် ဟက်ဇ်ဘိုလာ တွေက လှုပ်ရှားမှုအသစ်တွေကို စတင်လုပ်ဆောင်လာပါတယ်။ ဆီးရီးယားနဲ့ လက်ဘနွန်နယ်စပ် အထူးသဖြင့် ဆီးရီးယားနိုင်ငံနဲ့ နီးကပ်တဲ့ ဂိုလန်ကုန်းမြင့်ကနေပြီး အစ္စရေးနယ်မြေတွေ ကို တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဟက်ဇ်ဘိုလာ တွေက ဒုံးကျည်တွေ တစ်ခုပြီးတစ်ခု ပစ်ခတ်ပြီး၊ ကိရီးယတ် ဒေသအနီးကနေပြီး အစ္စရေးနိုင်ငံအတွင်းကို မစ်ဆိုင်းဒုံးကျည်တွေပစ်ခတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒီသတင်းအချက်အလက်တွေကို အစ္စရေးစစ်သားတွေက ဌာနချုပ်ကို တင်ပြခဲ့တဲ့အတွက် အစ္စရေးစစ်လေယာဉ်တွေက တိုက်ခိုက်မှုဖြစ်ပွားနေတဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ ဟက်ဇ်ဘိုလာအချို့ သေဆုံးခဲ့ပြီး အချို့မှာ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ ဒါ့အပြင်  အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်မှုတွေ ရှုံးနိမ့်ခဲ့တဲ့အတွက် ဟက်ဇ်ဘိုလာတို့က နည်းပရိယာယ်အသစ်တွေနဲ့ စတင်စမ်းသပ်ခဲ့ကြပါတယ်။ ဟက်ဇ်ဘိုလာတို့က သစ်တောထူထပ်တဲ့ဒေသတွေကို မီးရှို့ပြီး အခြေအနေကို ဖရိုဖရဲဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ လက်ရှိမှာ ဘရီဒါဒေသရဲ့ တဖက်ခြမ်းမှာ မီးစွဲလောင်လျက်ရှိပါတယ်။ နောက်ဆုံးမှာတော့ ဟက်ဇ်ဘိုလာတွေက ဘင့်ဘဲလားကျေးရွာကို ၎င်းတို့ရဲ့ အခြေစိုက်စခန်းအဖြစ် အသုံးပြုနေတာကို အစ္စရေးစစ်တပ်က ဖော်ထုတ်သိရှိရပါတယ်။ ဟက်ဇ်ဘိုလာတွေက အထူးသဖြင့် တောင်ဘက်ပိုင်းက လူနေ
Back to Top