ကာတွန်းလောကရဲ့ အကျော်အမော် ဦးဘကလေး(ရွှေတလေး)အား သတိရခြင်း

လူငယ်တွေကြား ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ကာတွန်းပညာ ထုတ်ဖော်ပွဲ ------- အကုန်သိသတင်းဌာန ------- အစိုးရကို ဆောင်ရွက်စေလိုတဲ့ကိစ္စများကိုသော်လည်းကောင်း၊ လူထုအတွက် ဟဒယရွှင်ဆေးအဖြစ် ဖျော်ဖြေချင်၍သော်လည်းကောင်း စာနဲ့ရေးသားမဖော်ပြဘဲ အရုပ်ပြောင်များဖြင့် ထိထိမိမိ သရုပ်ဖော်ခြင်းအတတ်ပညာ “ကာတွန်း“ကို ယခင်တုန်းကလို တွင်ကျယ်စွာ မမြင်ရတော့ပါဘူး။ လန်ဒန်မြို့ထုတ်မဂ္ဂဇင်းတစ်ခုကနေ ကူးယူဖော်ပြခြင်းခံခဲ့ရတဲ့ မြန်မာနိုင်ငံ ကာတွန်းလောကရဲ့ အကျော်အမော်၊ ပဲ့ကိုင်ရှင် ဦးရွှေတလေးနဲ့ ကာတွန်းဆရာကြီးတွေကို ဂုဏ်ပြုခြင်းနဲ့ ယနေ့ခေတ်လူငယ်တွေကြား တိမ်မြုပ်လုနီးပါးဖြစ်နေတဲ့ကာတွန်းရေးဆွဲခြင်းပညာကို ပြန်လည်ဖော်ထုတ်တဲ့အနေနဲ့ ပုသိမ်မြို့မှာ ကာတွန်းမီးပုံးပြပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရိုက်ကူးမေးမြန်း - ရဲသွေးနီ၊ တည်းဖြတ် - ကိုမိုး
Back to Top