မိမိနေရာပျောက်မှာကြောက်ပြီး လူငယ်တွေကို နေရာမပေးရင် ပါတီကျဆုံးမည် - ဦးသန်းဌေး

မိမိနေရာပျောက်မှာကြောက်ပြီး လူငယ်တွေကို နေရာမပေးရင် ပါတီကျဆုံးမည်ဟု ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ သတိပေး ------ အကုန်သိသတင်းဌာန ----- ပါတီဘက်က လူကြီးဆိုသူများက ကိုယ်ယူထားတဲ့နေရာမှာ တန်အောင်ခေါင်းဆောင်နိုင်ဖို့ ဘက်ပေါင်းစုံက မျှမျှတတစဉ်းစားပြီးတော့ ကိုယ့်အဖွဲ့အစည်းကို တိုးတက်အောင် လုပ်နိုင်ဖို့ လိုတယ်။ ဘယ်သူ့ကိုမှ ပိတ်မထားနဲ့။ “ဒီကလေးတက်လာရင် ငါ့နေရာပျောက်ရချည်ရဲ့“ဆိုတဲ့ အတွေးအခေါ် ဟောဒီပါတီထဲမှာ မရှိဘူး လို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး က ပြောလိုက်ပါတယ်။ ရိုက်ကူး - မောင်ကောင်း(ပြည်)၊ တည်းဖြတ် - ကိုမိုး
Back to Top