ရန်ပွဲကို လာရောက်ဖြေရှင်းတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ထိမှန်

ရန်ပွဲကို လာရောက်ဖြေရှင်းတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ထိမှန် ------ အကုန်သိသတင်းဌာန ------ မီးထွန်းပွဲမှာ အရပ်သားတွေ ဟိုဘက်ဒီဘက် အုပ်စုဖွဲ့ပြီးရန်ဖြစ်နေတာကို ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးမှူးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့တို့က သွားရောက်ဖြေရှင်းပေးရာ အရပ်သားတစ်ဦးက ဒုရဲအုပ်တစ်ယောက်ရဲ့ခါးမှာ ချိတ်ထားတဲ့သေနတ်ကို ၀င်လုရင်း ရန်းရင်းဆန်ခတ်ဖြင့် ကျည်ထွက်သွားကာ ဒုရဲအုပ်တစ်ယောက် သေနတ်ဒဏ်ရာရသွားခဲ့ပါတယ်။ တင်ဆက် - သိမ့်အေးချမ်း၊ တည်းဖြတ် - သူရိန်၊ သတင်း - နိုင်မင်းလွင်
Back to Top