ဝေဠုကျော်နဲ့ အတူတူနေတဲ့ကိစ္စ သက်သေခံမလိုဘူးလို့ အလှမယ် သင်းသင်း ပြော

ဝေဠုကျော်နဲ့ အတူတူနေတဲ့ကိစ္စ သက်သေခံမလိုဘူးလို့ အလှမယ် သင်းသင်း ပြော ------- အကုန်သိသတင်းဌာန ------- “သူနဲ့ ကိုယ်နဲ့ အတူတူနေတော့မှာကို ပွဲရှိလို့ မီဒီယာတွေဖိတ်လို့ရတဲ့ကိစ္စမျိုး မဟုတ်ဘူးလေ။ တရားရုံးမှာတော့ သက်သေခံပစ္စည်းတွေ တင်သွင်းထားတယ်။ CD ပြားတွေ၊ တချို့ဇာတ်ကားတွေ၊ သူနဲ့ကိုယ်နဲ့ ဖြစ်တဲ့ဟာတွေလည်း ပါတယ်“ လို့ အလှမယ်သင်းသင်းက ဆိုပါတယ်။ ငွေမက်လို့ ဝေဠုကျော်ကို တရားစွဲဟာ မဟုတ်ဘဲနဲ့ ဝေဠုကျော်ဘက်က ပရဟိတသမားတစ်ယောက်နဲ့ ဇာတ်မင်းသမီးတစ်ယောက်တို့က ငွေရေးကြေးရေးနဲ့ လာရောက်ညှိနှိုင်းတာကိုတော့ ဒေါသထွက်မိကြောင်း အလှမယ်သင်းသင်းက ပြောလိုက်ပါတယ်။ ရိုက်ကူး-ထက်ဝေလင်း၊ တင်ဆက် - မျိုးကေခိုင်၊ တည်းဖြတ်-သားကို
Back to Top