နေအိမ်တွေကြား ဖုန်းတာဝါတိုင်ထောင်မှုကို ပြည်သူတွေ အပြင်းအထန် ကန့်ကွက်
နေအိမ်တွေကြား ဖုန်းတာဝါတိုင်ထောင်တဲ့ အုပ်ချုပ်ရေးမှူးကို ပြည်သူတွေ အပြင်းအထန် ကန့်ကွက်
------ အကုန်သိသတင်းဌာန ------
ဖုန်းတိုင်နဲ့ ပတ်သက်ပြီး ကိုယ်ဝန်သည်တွေ ပျက်ကျတယ်။ ကလေးတွေဆိုရင် ဦးနှောက်အမှေးပါးရောင်တယ်။ မိုးကြိုးပစ်တယ်။ ကင်ဆာရောဂါတွေဖြစ်ရင် ကျွန်တော်တို့ကို ဘယ်သူက တာဝန်ယူမှာလဲဆိုပြီး ပြည်သူတစ်ဦးက အပြင်းအထန် ကန့်ကွက်နေပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးက အိမ်ဆောက်ဖို့ဆိုပြီး မြေ၀ယ်ကာ ဖုန်းတာဝါတိုင်ထောင်မှုကို ရပ်ကွက်နေပြည်သူများက နောင်ဖြစ်လာမယ့် အန္တရာယ်စိုးရိမ်၍ ဒီလုပ်ရပ်ကို ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
သတင်း - နေလင်းအောင်(တောင်ငူ)၊ တည်းဖြတ် - သီဟ