ပုံမှန်ထက်ထူးခြားတဲ့ တစ္ဆေပါလာပြီ

----— Movie Review —----- ဒီတစ်ခါမှာတော့ ပုံမှန် ကြည့်နေကြ အချစ်ဇာတ်လမ်းတွေ၊ ဟာသ ဇာတ်ကားတွေနဲ့ မတူတော့ပဲ တစ္ဆေသရဲ ပရလောကသားတွေဆိုတာ နောက်စရာ လောင်ပြောင်စရာ မဟုတ်ဘူးဆိုတဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ စိတ်လှုပ်ရှားဖို့ကောင်းပြီး ကြောက်ဖို့လည်းကောင်းတဲ့အပြင် ရယ်လည်းရယ်ရတဲ့ တစ္ဆေပါလာပြီ ဆိုတဲ့ မြန်မာသရဲကားတစ်ကားအကြောင်းကိုပြောပြပေးမှာပါ။ ဒီဇာတ်ကားထဲမှာတော့ တစ္ဆေဖြစ်တဲ့ နစ်ကီက သူငယ်ချင်းငါးယောက်ကို တစ်ယောက်ပြီး တစ်ယောက်ဝင်ပူးပုံတွေ၊ အိမ်ထဲမှာပိတ်မိနေတဲ့အတွက် သူတို့တွေထွက်ဖို့ဘယ်လိုတွေကြိုးစား လဲ…အသတ်သေမှာစိုးတဲ့အတွက် သရဲနဲ့တိုက်ခိုက်ပုံတွေ က ထိတ်လန့်ဖို့လည်းကောင်းသလို စိတ်ဝင်စားဖို့လည်းကောင်းတဲ့ အတွက် ရွေးချယ်ပေးလိုက်တာပါ။ အကယ်ဒမီပြေတီဦး၊ အိချောပို၊ ညီထွဋ်ခေါင်၊ ဦးခင်လှိုင် တို့က အဓိက ပါဝင်ပြီး ရိုက်ကူးထားတဲ့ “တစ္ဆေပါလာပြီ“ ရုပ်ရှင်ကားကြီးကို ဒီတစ်ပတ် Movie Review အတွက် ရွေးချယ်လိုက်ပါတယ်။ တင်ဆက် - အိဖြူသိမ့် ၊ တည်းဖြတ် - သူရိန်
Back to Top