Wire ကြိုးဆက်ခြင်း ၁

ကြိုးဆက်ခြင်း အပိုင်း ( ၁ ) ပြတ်သွားသော ဝါယာကြိုးများ တခါတရံ လိုင်းခွဲပြုလုပ်ရန် အတွတ် အဆက်အသွယ်လိုအပ်လာသောအခါ ကြိုးတွေကို ထိထိမိမိဆက်ရန်လိုအပ်လာပါတယ် ကြိုးဆက်မည်မျှပင်ကောင်းစေကာမှု တဆက်တည်းအတိုင်းတော့မဖြစ်နိုင်တော့ပေ ဆက်နည်းမမှန်ကန်ပါက လည်း ထိနေရမှ ပူခြင်း ကြာလာသောအခါ ထိုနေရာမှပင် တဖြည်းဖြည်းဆွေးလာခြင်း ဓါတ်အားကိုပိုမိုစားသုံးနေခြင်း တို့ဖြစ်ပေါ်လာစေမှာပါ ကြိုးဆက်နည်းကိုလည်း လေ့ကျင့်ထားရန်လိုအပ်ပါတယ် ဗီဒီယိုအထဲမှာ ကတော့ ပလာယာ အသေးဖြင့်ပြထားသော်လည်း ပြင်ပတွင် လျှပ်စစ်ပလာယာကြီးများဖြင့် အသုံးချရမှာဖြစ်ပါတယ် ။ ကြိုးဆက်နည်း မြောက်များစွာ ရှိသော်လည်း ဝက်မြီးလိမ်ဆက်နည်း ( Pig Tail Splice = ပစ် တေး စပိုက် ) အနောက်တိုင်း လိမ်ဆက်နည်း ( Western Union Splice = ဝင်စတန် ယူနီယံ စပိုက် ) လိုင်းခွဲဆက်နည်း ( Tee Splice = တီး စပိုက် ) နန်းကြိုးများစွာပါသောဝါယာဆက်နည်း ( Stranded Cable Splice = စထရွန်း ကေဘယ်လ် စပိုက် ) ဟူ၍ ၄ မျိုးသာအသုံးများပေသည် ။ ကျမ်းမာကြပါစေ လျှပ်စစ်ကျောင်းသား
Back to Top