မြစ်ဆုံကို ကာကွယ်ဖို့ တိုင်းသုံးတိုင်းမှ ပြည်သူတွေစုဝေးပြီး လှုပ်ရှားမည်

မြစ်ဆုံကို ကာကွယ်ဖို့ တိုင်းသုံးတိုင်းမှ ပြည်သူတွေစုဝေးပြီး လှုပ်ရှားမည် ------- အကုန်သိသတင်းဌာန ------- တရုတ်က ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေတဲ့ မြစ်ဆုံစီမံကိန်းကိစ္စ ပြည်သူတွေ ကန့်ကွက်ဆန္ဒပြတာဟာ အစိုးရကို အခက်တွေ့အောင် လုပ်နေတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီစီမံကိန်းကြီး အပြီးတိုင်ဖျက်သိမ်းဖို့ ဧရာဝတီ၊ ပဲခူးနဲ့ မကွေးက ပြည်သူတွေဟာ ဆန္ဒထုတ်ဖော်သွားမယ်လို့ ဆိုပါတယ်။ ဒါဟာ ဘယ်လိုမှမလုပ်သင့်ကိစ္စဖြစ်လို့ ဘယ်အစိုးရပဲ တက်တက် ကန့်ကွက်သွားမယ်လို့လည်း ပြောခဲ့ကြပါတယ်။ သတင်း - ရဲသွေးနီ (ပုသိမ်)၊ တင်ဆက် - ခရေဖူး၊ တည်းဖြတ် - သားကို
Back to Top