ယာဉ်ထိန်းရဲကို လက်နက်ကိုင်အဖွဲ့ တစ်ခုရဲ့ အရာရှိက သေနတ်နဲ့ ပစ်

ယာဉ်ထိန်းရဲကို လက်နက်ကိုင်အဖွဲ့ တစ်ခုရဲ့ အရာရှိက သေနတ်နဲ့ ပစ် ---------- အကုန်သိ Crimes -------- တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲကို အမည်မသိ လက်နက်ကိုင်အဖွဲ့ တစ်ခုရဲ့ အရာရှိအဆင့်ပုဂ္ဂိုလ် တစ်ဦး ဦးဆောင်တဲ့အဖွဲ့ က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု မော်လမြိုင်မြို့ မှာ အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ လိုင်စင်မဲ့ ယာဉ်ဖြစ်နေလို့ ယာဉ်ထိန်းရဲက ဖမ်းဆီးတာကို အဖမ်းမခံဘဲ ထွက်ပြေးတဲ့အပြင် ယာဉ်ထိန်းရဲနဲ့ အရပ်သားတွေကိုပါ သေနတ်နဲ့ ငါးချက်ထက်မနည်း ပစ်ခတ်ခဲ့တာပါ။ တင်ဆက် - သိမ့်အေးချမ်း ၊ တည်းဖြတ် - သူရိန်
Back to Top