အရစ်ကျဝယ်ထားတဲ့ ဘက်ဖိုး ငွေမသွင်းနိုင်လို့ ပြန်အပ်လိုက်ရ

အရစ်ကျဝယ်ထားတဲ့ ဘက်ဖိုး ငွေမသွင်းနိုင်လို့ ပြန်အပ်လိုက်ရ ------— အကုန်သိသတင်းဌာန —------- မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘက်ကနေ ရံပုံငွေနဲ့  မြို့ နယ်အချို့ ဆီကို ဖွံ့ ဖြိုးရေးအတွက်သုံးဖို့ ချထားပေးတာမှာ မင်းလှမြို့ အတွက် လိုအပ်နေတဲ့ ဘက်ဖိုးတွေ အရစ်ကျဝယ်ယူခဲ့ပါတယ်။ ဒီလိုဝယ်ယူတာမှာ ငွေကြေး အရစ်ကျမဆပ်နိုင်တော့လို့ ဘက်ဖိုးတစ်စီးကို ပြန်အပ်လိုက်ရတယ်လို့ ဆိုပါတယ်။ ဒီလိုအပ်လိုက်ရတဲ့အတွက်လည်း နိုင်ငံတော်က ငွေတွေဆုံးရှုံးသွားတယ်လို့ ဘက်ဖိုးဝယ်ယူရေးကော်မတီဘက်က ဖွင့်ဟ ၀န်ခံလာပါတယ်။ ရိုက်ကူး - သက်နောင်(မင်းလှ) ၊ တည်းဖြတ်တင်ဆက် - ဆလိုင်းကျော်မိုး
Back to Top