မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်နှင့် ဆက်သွယ်မေးမြန်းချက်
လက်ရှိ မိုးခါမုန်တိုင်းအခြေအနေနှင့် ပတ်သက်၍ မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်နှင့် ဆက်သွယ်မေးမြန်းချက်
ဆိုင်ကလုန်းမုန်တိုင်း မိုခါ စစ်တွေ မြို့၏ အနောက် - အနောက်တောင်ဘက် ရေမိုင် ၃၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု တိုက်ခတ်နေကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ မွန်းလွဲ ၂ နာရီတွင် ထုတ်ပြန်ချက်အရ သိရသည်။
ဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ၏ ဗဟိုချက်လေဖိအား မှာ (၉၄၄)ဟက်တိုပါစကယ် နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၂၀)မှ (၁၃၀)မိုင်နှုန်းခန့် ဖြစ်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
■ မုန်တိုင်းကြောင့် စစ်တွေမြို့ရှိ MPT ဆက်သွယ်ရေးတာဝါဆိုင်ပြိုလဲကာ အဆက်အသွယ်ပြတ်တောက်
■ စစ်တွေမြို့၏ နေရာအချို့တွင် မွန်းလွဲပိုင်း အချိန်များမှ စတင်ပြီး မုန်တိုင်းဒီရေ ဝင်ရောက်မှုများရှိနေ
■ စစ်တွေမြို့ရှိ ရပ်ကွက်အချို့တွင် နေအိမ်အတွင်း ပိတ်မိနေသူများရှိနေပြီး အကူအညီတောင်းခံမှုများ လူမှုကွန်ရက်တွင် ထွက်ပေါ်လာ