လာလှူတိုင်း မေတ္တာပို့ဆုတောင်းပေးတဲ့ အသံလေးတွေက ခွန်အားဖြစ်စေတယ်ဆိုတဲ့ ခိုင်နှင်းဝေ

လာလှူတိုင်း မေတ္တာပို့ဆုတောင်းပေးတဲ့ အသံလေးတွေက ခွန်အားဖြစ်စေတယ်ဆိုတဲ့ ခိုင်နှင်းဝေ ------ အကုန်သိ အနုပညာ ------ အနုပညာသမားတွေထဲမှာ ပြည်သူလူထုအပေါ် မေတ္တာအရှိဆုံးလို့ ဆိုရလောက်တဲ့ ပရဟိတမင်းသမီး ခိုင်နှင်းဝေက ၂၀၁၉ ခုနှစ် ဆန်းဆန်းချင်းမှာ လှူဒါန်းမှုနဲ့ပဲ စတင်လိုက်ပါတယ်။ ဒီလိုလှူဒါန်းမှုတွေ ပြုလုပ်တိုင်း ပြည်သူလူထံမှ ကြားရတဲ့ မေတ္တာဆုတောင်းသံတွေက သူမအတွက် ပီတဖြစ်စေသလို စိတ်ဓါတ်ခွန်အားတွေလည်း ဖြစ်စေတယ်လို့ ဆိုပါတယ်။ ခွန်အားနည်းတဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို အဓိကထား ကူညီစောင့်ရှောက်ပေးနေတဲ့ ခိုင်နှင်းဝေဟာ ဒီနှစ်ထဲမှာတော့ ပရဟိတလုပ်ငန်းနဲ့ ပတ်သက်ပြီး အစီအစဉ်တွေများစွာ ချထားရာ အဓမ္မပြုကျင့်ခံရပြီးနောက် ကိုယ်ဝန်ရသွားတဲ့ ကလေးငယ်တွေအတွက် အလုပ်တွေ ပိုမိုဖန်တီးပေးသွားမယ်လို့ ပြောလိုက်ပါတယ်။ ရိုက်ကူး/မေးမြန်း - မေနိုင်း၊ ခရေဖူး၊ တည်းဖြတ် - ထက်ပိုင်စိုး
Back to Top