သိုင်းလောကထွဋ်ခေါင်

သိုင်းပညာရှင်တွေအုပ်စိုးတဲ့လောကတစ်ခုကို ယွီဟွမ်ဆိုတဲ့ သိုင်းလောကထွဋ်ခေါင်တစ်ယောက်က သူ့ရဲ့ကောင်းကင်ခွင်းရဲဒင်းသိုင်းနဲ့အုပ်စိုးခဲ့တယ်။ယွီဟွမ်မရှိတော့တဲ့နောက်ပိုင်းမှာ လောကကြီးက ပဋိပက္ခတွေနဲ့ယှဉ်ပြိုင်မှုတွေနဲ့ပြန်ပြည့်နေခဲ့တယ်။ တစ်နေ့မှာတော့ ယွီဟွမ်းရဲ့အမွေရတနာသိုက်ကို ဖွင့်တဲ့သော့ဟာ ပေါ်ထွက်လာခဲ့တယ်။ ရတနာကိုအပိုင်စီးချင်တဲ့ ချင်းဟူကျွန်းဂိုဏ်းသားတွေဟာ သော့ကိုအပိုင်စီးဖိုကြိုးစားနေရင်း သော့ဟာ ထိန်ချင်းရှန်းရဲ့လက်ထဲကိုရောက်လာခဲ့တယ်။ အဲဒီသော့အတွက်ကြောင့် ထိန်ချင်းရှန်းတိုဂိုဏ်းဟာကပ်ဘေးကြီးဆိုက်လာပါတယ်။ ဂိုဏ်းကြီး(၉)ဂိုဏ်းဟာ ယွီဟွမ်ရတနာကိုရဖိုအတွက် ရောက်လာကြပြီး ရတနာသိုက်ကိုဖွင့်ဖိုကြိုးစားကြပါတယ်။ အဲဒီအချိန်မှာပဲ ထိန်ချင်းရှန်းဟာ သူ့ရဲ့ဂိုဏ်းသားတွေအတွက် လက်စားချေဖိုလမ်းကိုစတင်လိုက်ပါတယ်။
Back to Top