သံချပ်ကာကားတွေနဲ့အတူ ’တောင်ခမ်းတိုက်ပွဲ’ မှတ်တမ်း TNLA ထုတ်ပြန်
သံချပ်ကာကားတွေနဲ့အတူ ’တောင်ခမ်းတိုက်ပွဲ’ မှတ်တမ်း TNLA ထုတ်ပြန်
..........
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာ တိုက်ပွဲမှတ်တမ်းများကို တအာင်းအမျိုးသားတပ်မတော် TNLA က ယမန်နေ့(စက်တင်ဘာ ၄)ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိထားသည့် သံချပ်ကာကားများကို TNLA တပ်ဖွဲ့ဝင်များက မောင်းနှင်အသုံးပြုနေပြီး၊ သေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့် ၎င်းတို့ထံမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို TNLA ၏ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။
စစ်ကောင်စီ၏ အမြောက်တပ်များ တည်ရှိရာ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာတွင် တိုက်ပွဲများ ပြင်းထန်နေသည်မှာ ရက်သတ္တပတ် ၃ပတ်ခန့် ရှိလာပြီဖြစ်သည်။
တိုက်ပွဲများ ပြင်းထန်နေသည့် တောင်ခမ်းကျေးရွာသည် စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်(ခ)မေမြို့သို့ ကားဖြင့်သွားလျှင် နှစ်နာရီအတွင်း ရောက်နိုင်သည်။
သို့ဖြစ်ရာ တောင်ခမ်းရှိ စစ်ကောင်စီစခန်းများအားလုံးကျလျှင် ပြင်ဦးလွင်မြို့ကို တော်လှန်ရေးတပ်များက စစ်ရေးအရ ခြိမ်းခြောက်နိုင်တော့မည် ဖြစ်သည်။