တာဝါတိုင်စခန်းကုန်း တိုက်ပွဲရုပ်သံ | MAWKUN

တာဝါတိုင်စခန်းကုန်း တိုက်ပွဲရုပ်သံကို ယင်းမာပင်ခရိုင်တပ်ရင်း (၁) ထုတ်ပြန် ယင်းမာပင် - ၂၀၂၃ ဇွန် ၁၈ (မော်ကွန်း) ပြီးခဲ့တဲ့ အခုနှစ်မေလ ၁၇ ရက်က ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းပေါ်က စစ်တပ်အထိုင်စခန်းဖြစ်တဲ့ တာဝဝါတိုင်စခန်းကုန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲရုပ်သံမှတ်တမ်းကိုတော့ ဒီကနေ့မှာ ယင်းမာပင်ခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ထားပါတယ်။ တာဝါတိုင်စခန်းကုန်းတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ဘက်က ၁၀ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တစ်ဦးကျဆုံးပါတယ်။ အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ငယ် ၁၅ လက်၊ ၆၀ မမ စိန်ပြောင်း၊ လက်နက်ကြီးဗုံးသီး ၁၀၀ ကျော်၊ ကျည် ၉,၀၀၀ ကျော်အပါအဝင် ခဲယမ်းများစွာကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရမိကြပါတယ်။ ဒီတိုက်ပွဲကို ယင်းမာပင်ခရိုင် တပ်ရင်း(၁)၊ တပ်ရင်း (၁၈)၊ တပ်ရင်း(၂၄)နဲ့ တပ်ရင်း(၂၇)တို့ပူးပေါင်းတိုက်ခိုက်တာပါ။ ရုပ်သံမှတ်တမ်း - ယင်းမာပင်ခရိုင် တပ်ရင်း(၁)
Back to Top