ဒီမိုကရေစီအစိုးရဆိုတာ သီးသန့်စီးပွားရေးလုပ်မရဘူးလို့ ပြော

ဒီမိုကရေစီအစိုးရဆိုတာ သီးသန့်စီးပွားရေးလုပ်မရဘူးလို့ ပြော ------ အကုန်သိသတင်းဌာန ------ ဒီမိုကရေစီဆိုတာ ရှင်းပါတယ်။ အစိုးရနဲ့သက်ဆိုင်တဲ့ ဘယ်ဌာန၊ ဘယ်အဖွဲ့အစည်းမှ စီးပွားရေးလုပ်လို့မရပါဘူး။ ဒါမှသာလျှင် ဒီမိုကရေစီဆိုတဲ့နာမည်နဲ့ ညီမျှမှာဖြစ်တယ်။ အစိုးရသည် စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသည်ဆိုပါက ဒီမိုကရေစီနဲ့မညီ၊ နောက်ပြီးဖက်ဒရယ်မူဝါဒတွေကို လေ့လာလိုက်နာကျင့်သုံးရမယ်။သယံဇာတတွေခွဲဝေရမယ့်အပြင်ပြည်ထောင်စုတိုင်းရင်းသားတွေနဲ့ဆက်စပ်ပြီးတော့ ဘာတွေလုပ်ဆောင်ကြမလဲ။ ဒါတွေကို စိတ်ဝင်တစားထည့်စဉ်းစားရမယ်လို့ မကွေးတိုင်း၊ သရက်မြို့မဲဆန္ဒနယ်(၂)က လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်က ပြောပါတယ်။ ရိုက်ကူးမေးမြန်း - သက်မှူးအိမ် (မင်းဘူး) ၊ တည်းဖြတ် - သားကို
Back to Top