MNDAA ကိုးကန့်တပ်ဖွဲ့ ကန့်ကွက်ပွဲမှ ပြောဆိုချက်များ (ရန်ကုန်)

၂၀၂၄ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ MNDAA ၏ လုပ်ရပ်အပေါ် ကန့်ကွက်ဆန္ဒပြပွဲတခု ပြုလုပ်သည်။ ကိုးကန့် MNDAA နှင့် မဟာမိတ်အဖွဲ့တို့၏ တိုက်ခိုက်မှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် တပ်မတော် နမခ စစ်ဌာနချုပ်သည် သြဂုတ်လ ပထမပတ်အတွင်း ကျရှုံးခဲ့ရကာ စစ်သည်၊ အရာရှိနှင့်မိသားစုဝင်ထောင်နဲ့ချီ လက်နက်ချ အညံ့ခံခဲ့ရသည်။ အဆိုပါတိုက်ခိုက်မှုအတွင် လားရှိုးရှိ တပ်မတော်စစ်ဆေးရုံးလည်း တိုက်ခိုက်ခံရပြီး ကိုယ်ဝန်ဆောင်မိခင်အပါအဝင် လူ အများအပြား အသက်ဆုံးရှုံးခဲ့ရကြောင်း၊ ယင်း အကြမ်းဖက်လုပ်ရပ်များအား လုံး၀ ကန့်ကွက်ရှုတ်ချကြောင်းနှင့် အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့များအား အပြီးသတ်ချေမှုန်းတိုက်ခိုက်ပေးရန် ကန့်ကွက်ပွဲစင်မြင့်မှ မိန့်ခွန်းပြောသူများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တိုက်တွန်းပြောဆိုခဲ့ကြသည်။ #NewsWatch #MyanmarPolitics #Myanmar #Politics #MNDAA #MyanmarMilitary #Kokang #KokangChinese #Chinese #ဇာတိမာန် #Lasio #လားရှိုး
Back to Top