ကိုယ်ပိုင်လုပ်ငန်းနဲ့ အောင်မြင်နေတဲ့ ကရင်တိုင်းရင်းသူလေး နန်းနှင်းနွယ်အေး အကြောင်း
မိဘတွေပေးတဲ့ ကျောင်းမုန့်ဖိုးကိုစုပြီး Online Shopping တစ်ခု အောင်မြင်စွာတည်ထောင်နိုင်ခဲ့တဲ့ ကရင်တိုင်းရင်းသူလေး နန်းနှင်းနွယ်အေး
----- အကုန်သိသတင်းဌာန -----
အလုပ်ဆိုတာ တစ်ဖက်နိုင်ငံကို သွားရောက်လုပ်ကိုင်နေမှ အလုပ်လုပ်တယ်လို့ ခေါ်ဆိုနိုင်တာ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံမှာ နေပြီးတော့လည်း အောင်မြင်တဲ့ လုပ်ငန်းတစ်ခုကို ဖန်တီးတည်ဆောက်နိုင်ပါတယ်။
အခု တင်ဆက်ပေးချင်တာကတော့ ကိုယ့်ဒေသအတွင်းမှာ နေထိုင်ရင်း တစ်ပိုင်တစ်နိုင်စီးပွားရေးအဖြစ် ရိုးရာအထည်တွေကို လုပ်ကိုင်ရောင်းဝယ်နေတဲ့ ကရင်တိုင်းရင်းသူလေး မနန်းနှင်းနွယ်အေး အကြောင်းပါ။
သူမဟာ အခုဆိုရင် ကရင်ရိုးရာအထည်တွေကို အွန်လိုင်းပေါ်မှာ ရောင်းချင်ရင်း အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်လို့နေပါပြီ။ သူ ဘယ်လိုစတင်ခဲ့လဲ၊ အောင်မြင်ဖို့ ဘယ်လိုခံယူချက်တွေ ထားခဲ့လဲဆိုတာကို နားထောင်ကြည့်အောင်ပါ . .
ရိုက်ကူး - စောဘောသိုလ်၊ တည်းဖြတ်- ကိုမိုး