ကော်ပီသီချင်းဆိုပြီး ရောင်းစားရင် ထောင်ကျသွားမယ်လို့ သတိပေးလိုက်တဲ့ ဂျီလတ်

ကော်ပီသီချင်းဆိုပြီး ရောင်းစားရင် ထောင်ကျသွားမယ်လို့ သတိပေးလိုက်တဲ့ ဂျီလတ် ------- အကုန်သိ အနုပညာ ------- “သူများ ခိုးလာတာနဲ့ပဲ အဲဒီပစ္စည်းကို အလကားပြန်ယူလို့ မရဘူး။ ဟိုတလောက ကြက်ဖအခွေထွက်တယ်။ လင့်ပေးမယ် အော်ရီဒူးဖုန်းဘေ ၁၀၀၀ ထည့်ပေးပါဆိုပြီး တောင်းတယ်။ ဒါမျိုး ရောင်းစားလို့ မရဘူး။ အဲဒီလို ရောင်းစားတာနဲ့ ရာဇ၀တ်မှုမြောက်တယ်။ ထိထိရောက်ရောက် တရားစွဲရင် ထောင်ကျမှာ“ ဆိုပြီး တေးသံရှင် ဂျီလတ်က သီချင်းတွေကို ခွင့်ပြုချက်မရဘဲ ရောင်းမစားသင့်ကြောင်း သတိပေးလိုက်ပါတယ်။ မေးမြန်း - မေနိုင်း၊ ရိုက်ကူး/တည်းဖြတ် - ထက်ပိုင်စိုး
Back to Top