ရန်ကုန်မှာနေရတာ လုံခြုံမှုရှိရဲ့လား ..... ?

------------ Public Voice ----------- အပတ်စဉ် တင်ဆက်ပေးနေကျ ပြည်သူ့အသံ ကဏ္ဍကနေ ကြိုဆိုပါတယ်။ အခုတလော ခပ်စိပ်စိပ်တွေ့လာ ကြားလာရတဲ့ မူးယစ်ရမ်းကားမှုတွေ၊ လူသတ်မှုတွေ၊ လူယက်မှုတွေ၊ အနုကြမ်းစီးမှုတွေရဲ့ ကြားမှာ ပြည်သူတွေ ဘယ်လို စိုးရိမ်မှု မြင့်တက်နေကြသလဲ။ ရန်ကုန်နေပြည်သူတွေအနေနဲ့ရော သူတို့ကိုယ် သူတို့ လုံခြုံမှု ရှိတယ်လို့ ခံစားရရဲ့လား၊ ဘာတွေ ထိတ်လန့်နေကြသလဲ ဒီတစ်ပတ်ရဲ့ ပြည်သူ့အသံကဏ္ဍကနေ ရန်ကုန်မြို့နေ ပြည်သူအချို့ကို မေးမြန်းထားပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် သောကြာနေ့ ညနေ ၃ နာရီမှာ တင်ဆက်ပေးနေတာ ဖြစ်လို့ စောင့်မျှော်ကြည့်ရှု ပေးကြပါဦးနော် ...... ။ ရိုက်ကူး/ မေးမြန်း - သီဟ၊ထက်ဝေလင်း
Back to Top