တော်လှန်ရေး အင်အားစုတေွရဲ့ စစ်ဆင်ရေးလှိုင်းလုံးတေွေကြာင့် ဂယ်ပေါက်ပျောက်နေတဲ့ စစ်ကောင်စီ

တော်လှန်ရေး အင်အားစုတေွရဲ့ စစ်ဆင်ရေးလှိုင်းလုံးတေွေကြာင့် ဂယ်ပေါက်ပျောက်နေတဲ့ စစ်ကောင်စီ၊ လိုင်ဇာကို ဦးမလှည့်နိုင်တော့ပါ ▪️အပတ်စဉ် ကချင်ဒေသ သတင်းမြင်ကွင်း အစီအစဉ်။ စီစဉ်တင်ဆက်သူ - Yu San 15 November 2023 - Kachinwaves KIA ဌာနချုပ်လိုင်ဇာကို သိမ်းမယ်လို့ ကြုံးဝါးပြီး ဇွန်လကနေ စစ်ကြောင်းထိုးလာခဲ့တဲ့စစ်ကောင်စီဟာ ငါးလကျော်လာပေမဲ့ လိုင်ဇာအနား မကပ်နိုင်တော့ဘဲ မြစ်ကြီးနား - ဗန်းမော်လမ်းကြောပေါ်က တပ်စခန်းတွေကိုလည်း တစ်ခုပြီးတစ်ခုလက်လွှတ်ဆုံးရှုံးနေရပါတယ်။ အရပ်သား ၂၉ ဦးသေဆုံးခဲ့တဲ့ မုန်လိုင်ခက် စစ်ရှောင်စခန်း ဗုံးကြဲခံရမှုဖြစ်စဉ်အပြီးမှာတော့ KIA နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေဟာ အောက်တိုဘာ ၂၀ ရက်နေ့မှာ ဝိုင်းမော်မြို့နယ်နဲ့ မိုးမောက်မြို့နယ်အစပ်က လိုင်လွမ်အောင်ဂျာစခန်းကုန်းကြီးကိုသိမ်း၊ အောက်တိုဘာ ၃၁ ရက်နေ့မှာ ဂန်ဒေါင်ယန်စခန်းကုန်းကိုသိမ်းပြီး နိုဝင်ဘာ ပထမမှာ မလိယန်စခန်းတေွကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးနီးစပ်သူတွေရဲ့ သတင်းပေးပို့ချက်အရ သိထားရပါတယ်။ မြစ်ကြီးနား - ဗန်းမော်လမ်းကြောပေါ်က စခန်းကုန်းတွေ တစ်ခုပြီးတစ်ခု သိမ်းပိုက်ခံရတဲ့ စစ်ကောင်စီဟာ အောက်တိုဘာ ၃၁ ရက်နေ့နဲ့ နိုဝင်ဘာလ ပထမပတ်အတွင်း လိုင်ဇာမြို့အနီး အလဲန့်ဘွမ်တောင်ကြောပေါ်ကို တိုက်လေယာဉ်နဲ့ တိုက်ခိုက်ခဲ့သလို မြို့အတွင်းကိုလည်း လက်နက်ကြီးတွေနဲ့ ဦးတည်ပစ်ခတ်ခဲ့ပါသေးတယ်။ လိုင်ဇာဒေသအနီးက စခန်းတွေကို လက်လွှတ်နေရတဲ့အချိန် ရှမ်းမြောက်ဘက်က ညီနောင်မဟာမိတ် ၃ ဖွဲ့ကလည်း ၁၀၂၇ စစ်ဆင်ရေးကို ချိန်ကိုက်စတင်လို&
Back to Top