ဘားအံ မော်လမြိုင်လမ်းပိုင်းတစ်နေရာမှာ အနည်းငယ်ရေကျော်လျှက်ရှိ
ဘားအံမြို့ သံလွင်တံတားလမ်းဆုံကနေ ကော့ကျိုက်ရွာအဝင် ဘားအံ မော်လမြိုင် လမ်းပိုင်းမှာ ရေကျော်နေတာကို ဒီနေ့မနက် ၁၁ နာရီခွဲလောက်က ခုလိုတွေ့ရပါတယ်။
ဘားအံဒေသခံတစ်ဦးကတော့ “ရေစီးသန်ပြီး ဆိုင်ကယ်တွေ မျောပါတယ်ဗျ“လို့ ပြောပါတယ်။
မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မနက် ၆နာရီခွဲအချိန်ထုတ်ပြန်ချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၉၁၁ စင်တီမီတာရှိနေတယ်လို့ဆိုပါတယ်။
မနေ့ကတော့ ၉၀၄ စင်တီမီတာအထိပဲမြင့်တက်ခဲ့ပါတယ်။
ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်က ၇၅၀ စင်တီမီတာဖြစ်ပါတယ်။
ရိုက်ကူး - စောချိတ်ဖောင်(ဘားအံ)