Kpay မှတဆင့် ရိုးရိုးလေးနဲ့ ငွေလိမ်သွားတဲ့ဖြစ်ရပ်
အခုတင်ပြမှာကတော့ မြန်မာနိုင်ငံမှာ လူသုံးအများဆုံး မိုဘိုင်းဝေါလစ် (Moblie Wallet) ဖြစ်တဲ့ Kpay မှတဆင့် ရိုးရိုးလေးနဲ့ ငွေလိမ်သွားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ်ပါ။
ဖြစ်စဉ်ကတော့ သြဂုတ်လ ၁၉ ရက်နေ့ ညပိုင်းမှာ ကိုဇေယျာထွန်းရဲ့ ဟန်းဖုန်းထဲ့ကို KBZ Pay Call Center အမည်နဲ့ Viber မက်ဆေ့ချ်တခု ဝင်လာပါတယ်။
မင်္ဂလာပါရှင့် … လို့အစပြုပြီး မိမိရဲ့ နာမည်အမှန်နဲ့ ဆက်သွယ်လာတဲ့အတွက် အမှန်တကယ် ဘဏ်ကဆက်သွယ်လာတယ်လို့ပဲ ထင်မိခဲ့တာပါ။
လုံခြုံရေးအတွက် System Update လုပ်ဖို့အတွက်ပါတဲ့ခင်ဗျား။ တဆက်တည်းမှာပဲ မှတ်ပုံတင်နံပါတ်ကို မေးပါတယ်။
ဒီအချိန်မှာ တဘက်ကငွေလိမ်သူက ကိုဇေယျာထွန်းရဲ့အကောင့်ကို သူ့ရဲ့ဟန်းဖုန်းနဲ့ဝင်နေပါပြီ။
OTP ကုတ်နံပါတ် ထပ်တောင်းပါတယ်။ အဲဒီမှာတင် ကိစ္စပြတ်သွားပါပြီ။
ဒီလိုဖြစ်စဉ်တွေ မကြာခဏဖြစ်တတ်တာကြောင့် သက်ဆိုင်ရာဘဏ်တွေအနေနဲ့ OTP နံပါတ်၊ PIN နံပါတ်ကို ဘယ်သူ့ကိုမှမပေးမိစေဖို့သတိပေးချက်တွေ ထုတ်ပြန်ပေးနေပေမယ့် လုံလောက်မှုမရှိသေးဘူးဆိုတာကို ဒီဖြစ်ရပ်က သက်သေခံနေပါတယ်။
#kpay
#kbzpay
#kbz