မန်ပြိန်းပြည်သူ့စစ်အဖွဲ့ဝင် ဦးဝူစီဖာ ကို လက်နက်ကိုင်ဆောင်ထားသူတွေ ခေါ်ဆောင်သွား

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ တောင်ရပ်ကွက်၊ ရွှေသမင်ဘုန်းကြီးကျောင်းအနီးမှာနေထိုင်တဲ့ အသက် ၆၀ ခန့်အရွယ် မန်ပြိန်းပြည်သူ့စစ်အဖွဲ့ဝင် ဦးဝူစီဖာ ခေါ် ဦးကျော်နိုင်ကို ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်မှာ လက်နက်ကိုင်ဆောင်ထားတဲ့ အမည်မသိအမျိုးသား ၃ ဦးက အတင်းအဓမ္မ လာရောက်ခေါ်ယူသွား တယ်လို့ သတင်းအရင်းအမြစ်တွေရဲ့ပြောဆိုချက်အရ သိရပါတယ်။ မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသား ၃ ယောက်ဟာ ကားတစ်စီးနဲ့ရောက်ရှိလာပြီး အိမ်ရှေ့မှာဖုန်းထိုင်သုံးနေတဲ့ ဦးကျော်နိုင်ကို သေနတ်ထောက်ကာ ကားပေါ်ကို အတင်းအဓမ္မခေါ်ယူနေတာကို CCTV မှတ်တမ်းတွေမှာ တွေ့ရ ပါတယ်။ PAN ကို ထောက်ပံ့လိုပါက Kpay  - 09425318387နဲ့ wave pay နံပါတ်ဖြစ်တဲ့  09425318387 ကနေ ထောက်ပံ့နိုင်ပါတယ် - #pan_broadcasting
Back to Top