စစ်မှုထမ်းဥပဒေဖြင့်လူစုပြီး ဆုံးရှုံးနယ်မြေများပြန်သိမ်းမည်ဟု စစ်ခေါင်းဆောင်ကြုံးဝါး

တပ်အင်အားချိနဲ့မှုကို စစ်မှုထမ်းဥပဒေဖြင့် ဖြည့်တင်းနိုင်မည်ဟု မင်းအောင်လှိုင် ယုံကြည်နေ ---------------------- စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေတို့အားဖြင့် စုဆောင်းရရှိသူများ တပ်ထဲရောက်လာချိန်တွင် ဆုံးရှုံး နယ်မြေများ ပြန်လည်ရရှိရေး တစ်ဆင့်ချင်းစီဆောင်ရွက်သွားမည်ဟု ဆိုသည်။ စစ်ခေါင်းဆောင်၏ ပြော ဆိုချက်တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရသည့် ဒေသများဟု သုံးနှုန်းထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် ဖြစ်ပွားနေသည့် တော်လှန်ပုန်ကန်မှု များကို “ အင်မတန်မိုက်မဲတဲ့လုပ်ရပ်” ဟုလည်း စစ်ခေါင်းဆောင်က ကင်ပွန်းတပ်သည်။ သတင်း၊ တင်ဆက် - ဟန်သစ်
Back to Top