“ ကြမ်းကြမ်းရမ်းရမ်း ပွဲကြမ်းကြမယ့် Special 9 “

------------ Movie Review ------------ အပတ်စဉ်တင်ဆက်ပေးနေကျ Movie Review ပရိသတ်ကြီး မင်္ဂလာပါ ...... ။ ဘ၀အမောတွေ ပြေစေဖို့ ရည်ရွယ်တင်ဆက်ပေးနေတဲ့ Movie Review အစီအစဉ်လေးတင်ဆက်ပေးရမယ့် အချိန်ရောက်ရှိလို့လာပါပြီ။ ဒီအစီအစဉ်ကနေ အပတ်စဉ် ရုံတင်ပြသနေတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားတွေနဲ့ မိတ်ဆက် တင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ကြမ်းကြမ်းရမ်းရမ်း ဇာတ်ကြမ်းကားတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကြမ်းကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ အဆိုတော် ယုန်လေးကိုယ်တိုင် ဒါရိုက်တာအဖြစ်တာဝန်ယူရိုက်ကူးထားတာ ဖြစ်ပြီး တွဲဖက်ဒါရိုက်တာ ကိုကျော်၊ ဇာတ်ညွှန်း ဒီရေလှိုင်းတို့က ပါဝင်အားဖြည့်ထားပါတယ်။ ဒီကားထဲမှာ အဓိက ပါဝင်သရုပ်ထားတဲ့ သူတွေကတော့ အကယ်ဒမီမြင့်မြတ်ကလွဲပြီး နာမည်ကြီး ရုပ်ရှင်မင်းသားမင်းသမီးတွေ မဟုတ်တဲ့ အဆိုတော်တွေပဲ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပရိသတ်အချစ်တော် လူကြမ်းကြီး ထူးအယ်လင်းကလည်း လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ဦးအနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာဆိုတော ဘယ်လောက်အထိကြမ်းကြရမ်းကြမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။ ဒီဇာတ်ကားကို လာမယ့် စက်တင်ဘာလ ၇ ရက် သောကြာနေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်လို့ အကုန်သိ ရုပ်သံရဲ့ M
Back to Top