ဧရာဝတီမြစ်အရှေ့ခြမ်းကို KIA ထိန်းချုပ်လိုက်ပြီ

ဧရာဝတီမြစ်အရှေ့ခြမ်းကို KIA ထိန်းချုပ်လိုက်ပြီ (ရုပ်/သံ) ဇော်မြတ်ခန့်၊ မေ ၂၄၊ ၂၀၂၄ အာဏာသိမ်းကာလ ၃ နှစ်ကျော်လာပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ ထိပ်ဖျားဆုံး ကချင်ပြည်နယ်မှာ စစ်ရေးအရှိန်အဟုန်မြင့်လာနေပြီး KIA ဟာ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းတကြောကို ထိန်းချုပ် ထားနိုင်ပြီဖြစ်သလို မြစ်ရဲ့ တဘက်ကမ်းမှာရှိတဲ့ ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားကိုပါ ခြိမ်းခြောက် ထားနိုင်ပြီ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့မှာ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းဖြစ်တဲ့ ဝိုင်းမော်မြို့နယ်နဲ့ ဒေါ့ဖုန်းယန် မြို့နယ်အကြား မြစ်ကြီးနား-ဗန်းမော် ကားလမ်းမကြီး တလျှောက်မှာရှိနေတဲ့ စစ်ကောင်စီ တပ်စခန်း တွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က တပြိုင်နက် ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ စစ်ဆင်ရေးကို စတင်ခဲ့တဲ့ ပထမ ၅ ရက်မှာပဲ ဒေါ့ဖုန်းယန်၊ အင်တပ်ဘွမ်၊ ရဟတ်ယာဉ်ကွင်းပါတဲ့ ရှဒါန်ပါနဲ့ ဌာနချုပ် လိုင်ဇာကို ခြိမ်းခြောက်နေတဲ့ ခယာဘွမ်စခန်းတွေအပါအဝင် စခန်းပေါင်း ၈ ခုကို KIA သိမ်းပိုက်လိုက်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက နေ့စဥ်ရက်ဆက် စစ်ကောင်စီတပ်စခန်း တခုထက်မနည်းကို ဆက်ပြီးထိုးစစ်ဆင်ခဲ့တာကြောင့် ၂ လအတွင်း ကချင်ပြည်နယ် အနှံ့က စစ်ကောင်စီရဲ့ စခန်းကြီး စခန်းငယ်ပေါင်း ၉၀ ကျော်ကို လျင်လျင်မြန်မြန် သိမ်းပိုက်ထားတာ တွေ့ရပါတယ်။ စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy:
Back to Top