စစ်သားနှင့် ရဲများ အသက်မသေလိုက အမြန်ဆုံး လက်နက်ချရန် ရက္ခိုင့်တပ်(AA) သတိပေး

စစ်သားနှင့် ရဲများ အသက်မသေလိုက အမြန်ဆုံး လက်နက်ချရန် ရက္ခိုင့်တပ်(AA) သတိပေး ---------- ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့် ရဲများ အသက်မသေဘဲ မိသားစုဆွေမျိုးများနှင့် ကောင်းကောင်းမွန်မွန် ပြန်ဆုံလိုပါက ရက္ခိုင့်တပ်(AA) ၏ နီးစပ်ရာ တပ်စခန်းများကို အမြန်ဆုံး ဆက်သွယ်ကာ လက်နက်ချကြရန် AA က သတိပေးလိုက်သည်။ ထိုသို့ လက်နက်ချသည့် သုံ့ပန်းများကို ကောင်းမွန်စွာ စောင့်ရှောက်ကာ မိသားစုများနှင့် ပြန်လည်ဆုံဆည်းနိုင်ရေး အကောင်းဆုံး ကူညီပေးမည်ဟုလည်း AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကယား(ကရင်နီပြည်နယ်)နှင့် စစ်ကိုင်းတိုင်းတို့တွင် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေချိန်တွင် နိုင်ငံအနောက်ဘက်ခြမ်းရှိ ရခိုင်ပြည်နယ်တွင်လည်း ယမန်နေ့(နိုဝင်ဘာ ၁၃)က စတင်ကာ တိုက်ပွဲများ ပြင်းထန်နေသည်။ မေးမြန်း၊ တည်းဖြတ် - ရောင်နီ၊ ဟန်သစ် လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင်  နှိပ်၍ လှူဒါန်းနိုင်ပါသည်။
Back to Top