ပြည်သူရွေးထားတဲ့ အုပ်ချုပ်ရေးမှူးကို တိုင်းဝန်ကြီးချုပ်က ဖြုတ်ပစ်တယ်လို့ ဆို
ပြည်သူရွေးထားတဲ့ အုပ်ချုပ်ရေးမှူးကို တိုင်းဝန်ကြီးချုပ်က ဖြုတ်ပစ်တယ်လို့ ဆို
--------- အကုန်သိ သတင်းဌာန ---------
ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးကို ဖြုတ်ပစ်ဖို့ လွှတ်တော်ကိုယ်စားလှယ်အချို့ နဲ့ မြို့ နယ် ထွေအုပ်ရုံးတို့ က စာတင်ခဲ့တာကြောင့် ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်ကိုယ်တိုင်က ဖြုတ်ခွင့်ပြုပေးခဲ့ပါတယ်။ ဒီအတွက် ဖြုတ်ခံရသူ အုပ်ချုပ်ရေးမှူးကိုယ်တိုင်က မီဒီယာတွေကို အသိပေးပြောကြားလိုက်သလို ပြည်သူက ဖြုတ်တာဆိုရင် လက်ခံနိုင်ပြီး တိုင်းအစိုးရက ဖြုတ်တာကိုတော့ ဂုဏ်သိက္ခာအရ လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။
ရိုက်ကူး - ဖြိုးကိုလင်း(ညောင်ဝိုင်း) ၊ တည်းဖြတ်တင်ဆက် - သီဟ