ICC လွှဲပြောင်းရေး တရုတ်နဲ့ ရုရှား ဗီတိုသုံးရင် R2P ဖြစ်နိုင်ဟု CRM အဖွဲ့ပြောကြား

ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေ သတ်ဖြတ်မောင်းထုတ်ခံခဲ့ရတဲ့ ပဋိပက္ခကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံးက အဆင့် ၄ ဆင့်နဲ့ ဆောင်ရွက်နိုင်ကြောင်း၊ တကယ်လို့ လုံခြုံရေးကောင်စီမှာ တရုတ်နဲ့ ရုရှားက ဗီတိုအာဏာနဲ့ ပယ်ချလို့ ICC လွှဲပြောင်းရေး ပျက်ပြားခဲ့မယ်ဆိုရင် ကုလသမဂ္ဂပြဌာန်းထားတဲ့ ကာကွယ်ရန်တာဝန်ရှိမှု ခေါ် R2P အရ နိုင်ငံစုံတပ်ဖွဲ့တွေ ဝင်ရောက်ဖြေရှင်းရတဲ့ အဆင့်ကို ရောက်ရှိသွားနိုင်ကြောင်း အမေရိကန်အခြေစိုက် CRM Civil Rights Movement တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ ဥက္ကဌ ဦးဌေးလွင်ဦး ကပြောပါတယ်။ ဦးဌေးလွင်ဦး ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။
Back to Top