နိုင်ငံတစ်ခု တိုးတက်ဖို့ ဆိုတာ သူ့နိုင်ငံ အစိုးရဆိုတဲ့ ခေါင်းဆောင်တွေ အပေါ်မှာ မူတည်တယ်။

နိုင်ငံတစ်ခု တိုးတက်ဖို့ ဆိုတာ သူ့နိုင်ငံ အစိုးရဆိုတဲ့ ခေါင်းဆောင်တွေ အပေါ်မှာ မူတည်တယ်။ °°°°°°°°°°°°°°°°°°°°° နိုင်ငံတစ်ခု၊ တိုင်းပြည်တစ်ခု မှာ ရှိကြတဲ့ ခေါင်းဆောင်တွေဟာ သူ့နိုင်ငံအပေါ် အမှန်​တကယ်​ စေတနာ မှန်ရင် အဲ့တိုင်းပြည် အဲ့နိုင်ငံက မတိုးတက်စရာ ဘာမှ မရှိဘူး။ ဘယ်လောက်ပဲ သဲကန္တရဖြစ်နေပါစေ၊ ဘယ်လောက်ပဲ ပင်​လယ်​ပြင်​ ဖြစ်နေပါစေ၊ ဘယ်လောက်ပဲ သယံဇာတ မထွတ်တာပဲဖြစ်ဖြစ်။ သူ့နိုင်ငံ၏ ခေါင်းဆောင် အစိုးရ အပေါ်မှာ မူတည်တယ်။ စင်ကာပူကို ကြည့်။ ရှေ့မှာ အများကြီးပဲ မြန်​မာနိုင်​ငံထက် နောက်ကျတဲ့ နိုင်ငံတွေ အခု အချမ်းသာ အတိုးတက်ဆုံး ဖြစ်နေပြီ။ ဒါ သူ့နိုင်ငံ အစိုးရ၏ စိတ်နေစိတ်ထားဟာ ဘာလဲ့ ဆိုတာ ပြနေတာပဲ။ ရက္ခိုင်ပြည်အပေါ် ထားတဲ့ ဗမာအစိုးရတွေ၏ စိတ်​ဓာတ်​က ဘာလဲ့ ဆိုတာ ရက္ခိုင်ပြည်က သက်သေပဲ။ အင်္ဂလိပ်ခေတ်မှာတောင် ရက္ခိုင်ပြည် ရခိုင်လူမျိုးတွေ ချမ်းသာအားကြီးလို့ အင်္ဂလန်၊ အီတလီ စသည့်နိုင်ငံတွေအထိ သွားပြီး ပညာ သင်ခွင့်ရတယ်။ ပညာတတ်များတယ်။ အခု ဗမာအစိုးရ၏ ရက္ခိုင်ပြည်အပေါ် ထားတဲ့ အောက်တန်းကျ စိတ်​ဓာတ်​ကြောင့် ရက္ခိုင်ပြည်ဟာ အဆင်းရဲဆုံး ဖြစ်သွားရတယ်။ အခြားနိုင်ငံတွေ ဘာ​ကြောင့်​ တိုးတက်သလဲ့ သူတို့အစိုးရက သူ့တိုင်းပြည်အပေါ် စေတနာ မှန်လို့ပဲ။ ပြည်
Back to Top