ဦးကိုနီအမှုအတွက် တောင်ကလေးဆရာတော်နဲ့ ကပ္ပိယကို စစ်ဆေး

ဦးကိုနီအမှုအတွက် တောင်ကလေးဆရာတော်နဲ့ ကပ္ပိယကို စစ်ဆေး ------— အကုန်သိသတင်းဌာန —------ ရန်ကုန်လေဆိပ်မှာ သတ်ဖြတ်ခံလိုက်ရတဲ့ ဦးကိုနီအမှုအတွက် ပြစ်မှုကျုးလွန်သူတွေဖြစ်တဲ့ ကြည်လင်း၊ အောင်ဝင်းထွန်း စတဲ့ပုဂ္ဂိုလ်တွေကို ဖမ်းဆီးစစ်ဆေး တရားရင်ဆိုင်စေခဲ့တာမှာ နိုဝင်ဘာ ၁၅ ရက်မှာတော့ ရုံးချိန်း(၈၈) ကြိမ်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အောင်ဝင်းထွန်း ကိုးကွယ်နေတဲ့ တောင်ကလေးဆရာတော်နဲ့ ကပ္ပိယကို တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။ ဘာတွေ ထပ်ထွက်လာသလဲဆိုတာက စိတ်ဝင်စားစရာကောင်းလာပါတယ်။ ရိုက်ကူး - ထက်ဝေလင်း ၊ တည်းဖြတ် - သားကို
Back to Top