ရေစကြိုမြို့က ကျောင်းဆောင်သစ် ဆောက်လုပ်ပြီး ၁ နှစ်မပြည့်ခင် မျက်နှာကြက်တွေ ပြုတ်ကျ

ရေစကြိုမြို့က ကျောင်းဆောင်သစ် ဆောက်လုပ်ပြီး ၁ နှစ်မပြည့်ခင် မျက်နှာကြက်တွေ ပြုတ်ကျ ------- အကုန်သိသတင်းဌာန ------- ၂ နှစ်အတွင်း ပြိုကျအက်ကွဲတာမျိုး မဖြစ်စေရဘူးဆိုပြီး ရွှေဂျိုးဖြူရတနာကုမ္မဏီက အာမခံ ဆောက်လုပ်ခဲ့တဲ့ မ​ကွေးတိုင်း​ဒေသကြီး ရေစကြိုမြို့မှ အမှတ်​(၁၆၇)သုခ၀တီ မူလွန်​​ကျောင်း​ဆောင်​အ​သစ်ဟာ ၁ နှစ်မပြည့်ခင်မှာပဲ မျက်နှာကြက်တွေ ပြုတ်ကျပျက်စီးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီ တာဝန်ရှိသူတွေကို မေးမြန်းကြည့်ရာမှာတော့ အခုလို ပြန်ပြောပါတယ်။ သတင်း - အောင်ကျော်ဇင်(ရေစကြို) တင်ဆက် - ခရေဖူး၊ တည်းဖြတ် - သားကို
Back to Top