ရိုးရာမပျက် ခြိမ့်ခြိမ့်သဲ ကျင်းပနေတဲ့ မသိုးသင်္ကန်းယက်ပြိုင်ပွဲ
ရိုးရာမပျက် ခြိမ့်ခြိမ့်သဲ ကျင်းပနေတဲ့ မသိုးသင်္ကန်းယက်ပြိုင်ပွဲ
------ အကုန်သိသတင်းဌာန ------
ဖျာပုံမြို့တွင် မြန်မာသက္ကရာဇ် ၁၂၂၂ ခုနှစ်ကတည်းက တည်ထားကိုးကွယ်တော်မူခဲ့တဲ့ ဧကန်ကျော်ကြား ရွှေနတ်ကူဘုရားကြီးရဲ့ ပွဲတော်မှာ နိုဝင်ဘာလ ၂၁ ရက်နေ့မှ စတင်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ မသိုးသင်္ကန်းယက်ပြိုင်ပွဲကြီးကို ခြိမ့်ခြိမ့်သဲစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိနေပါတယ်။ အမျိုးသမီးငယ်များက အမရာဒေဝီ ၊ စန္ဒကိန္နရီ၊ မဒ္ဒီဒေဝီ၊ သမ္ဗူလဒေဝီ စင်တော်များဖြင့် ယက်ခက်ယှဉ်ပြိုင်ခဲ့ကြတာပါ။
ရိုက်ကူးမေးမြန်း - ကျော်စိုးမိုး၊ တည်းဖြတ် - သားကို