Line Walker 2 ရုပ်ရှင်ရိုက်ကူးမှုကြောင့် ဈေးသည်တွေ အခက်အခဲဖြစ်နေဟုဆို

Line Walker 2 ရုပ်ရှင်ရိုက်ကူးမှုကြောင့် ဈေးသည်တွေ အခက်အခဲဖြစ်နေဟုဆို ------ အကုန်သိသတင်းဌာန ------ အစိုးရခွင့်ပြုချက်ဖြင့် Line Walker 2 ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ဟာ မြို့လယ်ခေါင်မှာ ရှုတင်နေရာချထားတာကြောင့် ၄င်းနေရာမှာ အရင်က ဈေးရောင်းကြတဲ့ ဈေးသည်တွေမှာ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ အချိန်အပိုင်းအခြားတစ်ခုမှာ ဈေးမရောင်းရဆိုတဲ့ တားမြစ်ချက်ကြောင့် အဆင်မပြေမှုတွေ ဖြစ်ပေါ်ကြောင်း ဈေးသည်တချို့က ရင်ဖွင့်လာပါတယ်။ ရိုက်ကူးမေးမြန်း - ပြည့်စုံ၊ တည်းဖြတ် - ရဲထက်
Back to Top