ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်ကုမ္ပဏီ CCCC ထံ ပေးရတာ ဘာကြောင့်လဲ

ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်ကုမ္ပဏီ CCCC ထံ ပေးရတာ ဘာကြောင့်လဲ ------- အကုန်သိသတင်းဌာန ------- ရန်ကုန်မြို့သစ်စီမံကိန်းကြီး တစ်ခုလုံးအတွက် ဒေါ်လာ သန်း ၅၀၀၀ လောက်လိုတာကို အစိုးရ ဒီအတွက် ၇ သန်းသာ ဘတ်ဂျက်ပေးတဲ့အတွက် ကျန် ၄၉၉၃ သန်းကို ကိုယ့်ဘာသာ ရှာဖွေရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး အကြွေး မတည်ဆောက်ချင်တာကြောင့် လောလောဆယ် ပိုက်ဆံတစ်ပြားမှ မယူဘဲ ရင်းနှီးမြုပ်နှံသူကို ပေးအပ်ရခြင်းဖြစ်ကြောင်း NYDC စီမံကိန်းရဲ့ CEO ဖြစ်သူ ဦးသိမ်းဝေက အခုလို ရှင်းပြပါတယ်။ တည်းဖြတ် - သီဟ
Back to Top