အလုပ်သမားဆန္ဒပြမှုများနဲ့ ဥပဒေရေးရာအပိုင်းမှ ဖြေရှင်းမှု

အလုပ်သမားဆန္ဒပြမှုများနဲ့ ဥပဒေရေးရာအပိုင်းမှ ဖြေရှင်းမှု -------- ဥပဒေနှင့် ထိတွေ့ ခြင်း(၁၂) --------- ဒီရက်ပိုင်းမှာ အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေအကြား ထိတွေ့ မှု ၊ ပြသနာပေါင်းစုံက ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်ရှင်အလုပ်သမားတွေ လိုက်နာကျင့်သုံးရမယ့် ဥပဒေတွေ ပြဌာန်းပေးထားသည့်တိုင် ဥပဒေကို ထဲထဲဝင်ဝင် အသုံးပြုမှုနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းမှုတွေမှာ အားနည်းချက်တွေ ရှိခဲ့ပါတယ်။ ဥပမာအားဖြင့် ဖုယွင် အလုပ်သမားပြသနာ၊ Great Well အလုပ်သမားပြသနာတွေဟာ အကောင်းဆုံး ဥပမာတွေဖြစ်ပြီး ၀န်ကြီးချုပ်ကိုယ်တိုင်ကပါ ပါဝင်ဖြေရှင်းရတဲ့အထိ ဖြစ်နေတာတွေကို မြင်ရမှာပါ။ ဒီအတွက် ကျွမ်းကျင်ရှေ့ နေတစ်ဦးဖြစ်တဲ့ ဦးကျော်ကျော်ထိုက်ကတော့ ဥပဒေပိုင်းဆိုင်ရာ သိသင့်သိထိုက်တာတွေကို အခုလိုမျိုး ထောက်ရှုရှင်းပြလိုက်ပါတယ်။ ဒီအစီအစဉ်ကို အကုန်သိရုပ်သံကနေ နှစ်ပတ်တစ်ကြိမ် အစီအစဉ်အနေနဲ့ ကြာသပတေးနေ့ ညနေ (၃)နာရီမှာ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ရိုက်ကူး/တည်းဖြတ် - သီဟ
Back to Top