ကော့ကရိတ်မြို့နယ် ကော့နွဲတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအပါ၄ ဦးသေ၊ ၁၅ ဦးဒဏ်ရာရ

ဓါတု(မဇ္ဈိမ)။ ။ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ် ၊ ကော့နွဲကျေးရွာ၌ ဖြစ်ပွားသော နှစ်ဖက်ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး တဦးအပါအဝင် ၄ ဦး သေဆုံး၍ ၁၅ ဦးဒဏ်ရာရှိကြောင်း Saw Dragon Drone Force က အောက်တိုဘာလ ၂၈ ရက် ညပိုင်းက သတင်းထုတ်ပြန်ထားသည်။ ကော့နွဲ ကျေးရွာ အာရှလမ်းမပေါ်ရှိ စာသင်ကျောင်းအတွင်း အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်အင်အား ၃၀ ကျော် အား Saw Dragon Drone Force (SDDF)မြေပြင်တပ်ဖွဲ့ နဂါးဖြူစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း နှင့်အတူ KNLA တပ်ရင်း (၁၈) ပူပေါင်းတပ်များမှ အောက်တိုဘာလ ၂၈ ရက် နေ့လယ် ၂ နာရီ ၄၄ မိနစ်ခန့်က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ “ညီမတို့ဘက်စပြီးထိုးစစ်ဆင်တာပါ။ စကစဘက်က သေတာ ၄ ယောက်အပါ သုံးပွင့်ဗိုလ်ကြီးတယောက်ပါတယ်။ ကျန်တဲ့ ၁၅ ယောက်ကဒဏ်ရာရလို့ ဆေးရုံတင်ထားရတယ်လို့သိရတယ်။တိုက်ပွဲထဲနှစ်ဖက်လုံး လက်နက်ငယ်တွေနဲ့ အရင်ပွဲစတာ။ ညီမတို့ဘက်က လက်နက်ကြီးဆိုလို့ ၄၀ မမ ပဲပစ်တာ သူတို့ဘက်က လက်နက်ကြီးအစုံနဲ့ပစ်တာ“ဟု Saw Dragon Drone Force တပ်ဖွဲ့ မှတာဝန်ရှိသူ အမျိုးသမီးတဦးက မဇ္စျိမကိုပြောသည်။ တိုက်ပွဲသည် ထိုနေ့ နေ့လယ် ၂နာရီ ၄၄ မိနစ်မှ ၄နာရီ ၄၄ မိနစ်ထိ နှစ်နာရီကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှလက်နက်ငယ်၊လက်နက်ကြီးများနှင့်ပစ်ခတ်ခဲ့သော်လည်း တိုက်ပွဲအတွင်း မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များဘက်မှ အထိအခိုက်အကျအဆုံးမရှိကြောင်း ၎င်းကဆိုသည်။ စာတည်း။ ။အောင်ကျော်ဖြိုး #Mizzima #ကော့ကရိတ်မြို့နယ် ----------------------------------------- မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ƛ
Back to Top