NLD ပါတီမှ ထုတ်ပယ်တဲ့အကြောင်း စာမရောက်သေးဟု ဦးစံမင်းအောင် ပြော

NLD ပါတီမှ ထုတ်ပယ်တဲ့အကြောင်း စာမရောက်သေးဟု ဦးစံမင်းအောင် ပြော ------ အကုန်သိသတင်းဌာန ------ ငွေကြေး အလွဲသုံးစားလုပ်တယ်ဆိုပြီး NLD ပါတီမှ အပြီးအပိုင် ထုတ်ပယ်တဲ့အကြောင်းကို တရားဝင်စာရောက်လာလာ မဟုတ်ဘဲ သတင်းမီဒီယာတွေမှတစ်ဆင့် သိရတယ်လို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်က ပြောပါတယ်။ အကယ်၍ ရောက်လာခဲ့ရင်တော့ စွပ်စွဲချက်အပေါ် မူတည်ပြီး ပြန်လည်ဖြေရှင်းသွားမယ်လို့ ပြောလိုက်ပါတယ်။ သတင်း - ရဲသွေးနီ(ပုသိမ်)၊ တင်ဆက် - ခရေဖူး၊ တည်းဖြတ် - သားကို
Back to Top