ချစ်သူကို တယုတယနဲ့မုန့်ခွံ့ကျွေးနေတဲ့ ရွှေမှုံရတီ – Nanmalgyi

ချစ်သူကို တယုတယနဲ့မုန့်ခွံ့ကျွေးနေတဲ့ ရွှေမှုံရတီ September 1, 2018 မကြာသေးမီကမှ တစ်လောကလုံးကိုအုတ်အော်သောင်းတင်းဖြစ်စေခဲ့တဲ့ ရွှေထူးနဲ့ရွှေမှုံရတီတို့ရဲ့အချစ်ရေးကိစ္စဟာအနည်းငယ်ငြိမ်သက်သွားခါစရှိသေးတာပါ။ ရွှေထူးဟာ သူခြောက်နှစ်ကြာတွဲလာတဲ့မိန်းကလေးနဲ့ လမ်းခွဲပြီးသိပ်မကြာခင်မှာပဲရွှေမှုံရတီနဲ့ ချစ်ဇာတ်လမ်းကိုစခဲ့ပြီး အဲဒီကိစ္စနဲ့ပတ်သက်လို့ ပရိသတ်တွေရဲ့ဝေဖန်မှုတွေကို အလူးအလဲခံနေရဆဲပဲဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူတွေဘယ်လိုပဲ ဝေဖန်ဝေဖန် ရွှေနှစ်ရွှေကတော့ နေသာသပလေညာကပါပဲ။ တစ်ယောက်နဲ့တစ်ယောက်ချစ်စခင်စကြင်နာစဆိုတော့ ချစ်မဝဖြစ်နေကြပုံရပါတယ်။ ရွှေမှုံရတီက ရွှေထူးကိုဘယ်ရွေ့ဘယ်မျှချစ်ကြောင်း သူမရဲ့ Facebook account မှာ အမြဲတင်နေလေ့ရှိသလို ရွှေထူးကလည်း ရွှေမှုံရတီကြောင့် အေးချမ်းတဲ့အချစကိုပိုင်ဆိုင်ရကြောင်းcomment တွေမှာအမြဲဝင်ပြောလေ့ရှိပါတယ်။ Facebook ပေါ်မှာ မြင်မကောင်းအောင်အချစ်နာလံထနေကြတဲ့ သူတို့စုံတွဲဟာအခုရက်ပိုင်းတွေမှာ အပြင်မှာလည်း တပူးတွဲတွဲနဲ့ခွဲမရအောင်ကိုချစ်နေကြတာပါ။ ရွှေမှုံရတီကရွှေထူးကို ဘယ်လောက်ချစ်သလဲဆိုရင်မိသားစုဝင်တွေသူငယ်ချင်းတွေနဲ့တောင်မိတ်ဆက်ပေးပြီးဖြစ်ပုံပေါ်ပါတယ်။ မနေ့က ရွှေမှုံရတီရဲ့ညီမ ငွေမှုံရတီရဲ့ My day မှာ တင်ထားတဲ့ Video
Back to Top