ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ဒဏ် ( ၇ )နှစ်စီကျခံစေဖို့အမိန့် ချ(ရုပ်သံ)

ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ဒဏ် ( ၇ )နှစ်စီကျခံစေဖို့အမိန့် ချ(ရုပ်သံ) ရန်ကုန်၊ စက်တင်ဘာ ၃ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မနဲ့ စွဲချက်တင်ခံထားရတဲ့ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ဒဏ် ( ၇ )နှစ် စီကျခံစေဖို့ အင်းစိန်မြောက်ပိုင်းခရိုင်တရားရုံးက ဒီကနေ့အမိန့် ချမှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့အပတ် ရုံးချိန်းဖြစ်တဲ့ သြဂုတ်လ ၂၇ ရက်နေ့ကတည်းက အပြီးသတ်အမိန့်ချမှတ်ဖို့ စီစဉ်ခဲ့တာဖြစ်ပေမယ့် အမိန့်ချမယ့် တရားသူကြီးရဲ့ ကျန်းမာရေးအခြေအနေကြောင့် ရက်ရွှေ့ဆိုင်းခဲ့ရပြီး ဒီအပတ်ကျမှ အမိန့်ချနိုင်တာဖြစ်ပါတယ်။ ရိုက်တာသတင်းထောက်နှစ်ဦးအမှုဟာ ၉ လနီးပါး ကြာမြင့်ခဲ့ပြီးနိုင်ငံတကာနဲ့ပြည်တွင်းအဖွဲ့အစည်းများစွာရဲ့စိတ်ဝင်တစားစောင့်ကြည့်ခံနေရတဲ့အမှုတစ်မှုလည်းဖြစ်​ပါတယ်​။ ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ကိုလျှို့ ဝှက်စာရွက်စာတမ်းတွေလက်ဝယ်တွေ့ရှိတယ်လို့ဆိုကာ ထောင်ဒဏ်(၁၄)နှစ်အထိချမှတ်နိုင်တဲ့လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မနဲ့ပြီးခဲ့တဲ့၂၀၁၇ခုနှစ်ဒီဇင်ဘာလ(၁၂)ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။အမှုမှာတရားလိုပြသက်သေ၂၂ဦးနဲ့တရားခံပြသက်သေ(၃)ဦးတို့ကိုစစ်ဆေးခဲ့ပါတယ် ရိုက်ကူး - သားဒွေး
Back to Top