မိုင် ၁၆၀၀ ကျော် ဆိုင်ကယ်စီးခရီးစဉ်

We can do! ​နေပြည်​​တော်​-မုံရွာ-ဂန့်​​ဂေါ-က​လေး-တီးတိန်​- ရိဒ်​ရေကန်-ဖလမ်း- ကလေး ​က​လေး-ယာကြီး-မုံရွာ-​နေပြည်​​တော်​ ကျွန်တော့်ဘဝမှာ ငယ်ငယ်ကတည်းက ရူးသွပ်ခဲ့ရတာ ဆိုင်ကယ်စီးပြီး မြန်မာနိုင်ငံနေရာဒေသအနှံအပြားကို ခရီးထွက်ချင်တာပါ။ ၂၀၁၇ ခုနှစ် နှစိလည်ပိုင်းမှာတော့ ညီမလိုခင်မင်ရတဲ့ ယဉ်ကေနွယ်ရဲ့ ပိုက်ဆံချေးပေးမှုကြောင့် အိန္ဒိယနိုင်ငံထုတ် #Bajajv15 ဆိုင်ကယ်တစ်စီးကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဆိုင်ကယ်ရပြီးတာနဲ့ ပထမဆုံးခရီးအဖြစ် နေပြည်တော်-တောင်ကြီးကို မိုးတွင်းကြီးမှာပဲ ဆိုင်ကယ်စီး ခရီးစထွက်ဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် စိတ်ထဲမှာ အာသာမပြေသလို ဖြစ်တာကြောင့် DVB က သတင်းထောက်ကိုအောင်ကိုကိုလတ်နဲ့ တိုင်ပင်ပြီး သင်္ကြန်အတွင်းမှာ အသွားအပြန် မိုင် ၁၆၀၀ ကျော်ခရီးရှည်ရှိမယ့် ချင်းပြည်နယ်သို့ ဆိုင်ကယ်စီးခရီးထွက်ဖို့ တိုင်ပင်ခဲ့ကြပါတယ်။ ကလေးမြို့က ကိုစည်သူထွန်းတို့ လင်မယားကလည်း လိုက်မယ်ဆိုတော့ သွားဖြစ်ခဲ့ကြတာပါ။ မိုင်ပေါင်းများစွာခရီးဖြစ်လို့ ဆိုင်ကယ်ကြံ့ခိုင်မှု၊ စိတ်ဓာတ်ခိုင်မာမှုတွေအတွက် အားရကျေနပ်ဖွယ် ခရီးတစ်ခုဖြစ်ခဲ့ပါတယ်။ လာမယ့် ဒီဇင်ဘာလမှာတော့ နေပြည်တော်ကနေ ချင်းပြည်နယ်၊ နတ်မတောင်ကို ဆိုင်ကယ်စီးခရီး ထပ်မံစီစဉ်ထားပါတယ်။
Back to Top