ဆီဒိုးနားဟိုတယ်၂၂နှစ်ပြည့် အထိမ်းအမှတ် ဟင်းလျာပွဲတော် ကျင်းပ

ဆီဒိုးနားဟိုတယ် (ရန်ကုန်) ၂၂နှစ်ပြည့် အထိမ်းအမှတ်“ထိုင်းနိုင်ငံရဲ့ ကျော်ကြားထင်ရှားအရသာများ” ဟင်းလျာပွဲတော် ကျင်းပပြုလုပ် ------------- အကုန်သိသတင်းဌာန ----------- အစားအသောက် ချစ်သူများအတွက် အရသာ ထူးကဲကောင်းမွန်လှသည့် ထိုင်းဟင်းလျာမျိုးစုံ တည်ခင်းသွားမည့် ပွဲတော်ကြီးတစ်ခုကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ နိုင်ကြရန်အတွက် ဆီဒိုးနားဟိုတယ်ရန်ကုန်မှ “ထိုင်းနိုင်ငံရဲ့ ကျော်ကြားထင်ရှားအရသာများ” အမည်ဖြင့် ဟင်းလျာပွဲတော်ကို ဟိုတယ်၏ D’Cuisine ၌ ယခုလအတွင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ အဆိုပါ ဟင်းလျာပွဲတော်သည် ဆီဒိုးနားဟိုတယ်ရန်ကုန် ၂၂ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်ခြင်းသည့် ပွဲတော်တစ်ခုဖြစ်ပြီး ဘန်ကောက်မြို့တွင် ထိုင်းနိုင်ငံရိုးရာ အရသာစစ်စစ်ကို ခံစားနိုင်ရန် ဖွင့်လှစ်ထားသော One Nares စားသောက်ဆိုင်ပိုင်ရှင်နှင့် ဆုရစားဖိုမှူးဖြစ်သူ Yuttaphum Simpalipun က ဧည့်သည်စားဖိုမှူးအဖြစ် တာဝန်ယူ ချက်ပြုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ရိုက်ကူး/တည်းဖြတ် - ကြယ်စင်၊ သူရိန်
Back to Top