၂ လကျော် စစ်ဆေးခဲ့ရတဲ့ တရားလို ဦးမိုးနိုင်ရဲ့ ထွက်ဆိုချက်ကို ရဲအုပ်ချစ်ကိုကို ချေပမည်

၂ လကျော် စစ်ဆေးခဲ့ရတဲ့ တရားလို ဦးမိုးနိုင်ရဲ့ ထွက်ဆိုချက်ကို ရဲအုပ်ချစ်ကိုကို ချေပမည် ------ အကုန်သိ မှုခင်း ------ အောင်ရဲထွေးသေဆုံးမှုကို အမိန့်ချရာမှာ အဂတိလိုက်စားတယ်ဆိုပြီး အမှုရင်ဆိုင်နေရတဲ့ ရဲအုပ်ချစ်ကိုကိုအမှုမှ တရားလိုဖြစ်တဲ့ စုံစမ်းစစ်ဆေးရေးမှူး ဦးမိုးနိုင်တစ်ဦးတည်းကို အချိန် ၂ လကျော်၊ ရုံးချိန်း ၁၂ ချိန်းအပြီးမှာ စစ်ဆေးပြီးစီးခဲ့ပါတယ်။ လာမယ့် ဒီဇင်ဘာလ ၂၆ ရက်ရုံးချိန်းမှာတော့ ရဲအုပ်ချစ်ကိုကိုအနေနဲ့ တရားလိုဦးမိုးနိုင်ရဲ့ သက်သေထွက်ဆိုမှုတွေကို ပြန်လည်ချေပခွင့်ရရှိသွားမှာပဲ ဖြစ်ပါတယ်။ ရိုက်ကူးမေးမြန်း - ဒါးလ်ဇ တင်ဆက် - သိမ့်အေးချမ်း၊ တည်းဖြတ် - သူရိန်
Back to Top