နိုင်ငံရေးဘုန်းကြီးတွေ မိန်းမပုံကိုင်ပြီး မဲမဆွယ်ကြပါနဲ့။ ဝီရသူ (မစိုးရိမ်)

“ဘုန်းကြီးတွေ အမျိုးသမီးပုံ ကိုင်ဆောင်တာသာ ၀ိနည်းနဲ့ မညီတာလို့ အရှင်ဝီရသူ မိန့်ကြား” ■ နိုင်ငံရေးဘုန်းကြီးတွေ အမျိုးသမီးပုံကို ကိုင်ဆောင် မဲဆွယ်နေတာတွေသာ ၀ိနည်းတော်နဲ့ မညီတာဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်ပုံသာမက ဘယ်လို အမျိုးသားပုံကို ကိုင်ဆောင်ပါစေ ၀ိနည်းတော်နဲ့ ညီတယ်လို့ အရှင်ဝီရသူ (မစိုးရိမ်) က မိန့်ကြားလိုက်ပါတယ်။ ■ MCN သတင်းဌာနက အရှင်ဝီရသူရဲ့ တပ်မတော် ထောက်ခံပွဲ မိန့်ကြားမှုတွေအပေါ် မတူညီတဲ့ အမြင်တွေ သိရဖို့ ၂၀၀၇ ရွှေဝါရောင်သံဃာတော် တစ်ပါးဖြစ်တဲ့ ဆရာတော် ဦးပဏ္ဍ၀ံသကို ဖင့်ဖိတ်လျှောက်ထား မေးမြန်းမှုတွေမှာ ပါဝင်တဲ့ အကြောင်းအရာတွေအပေါ် ဆက်သွယ် လျှောက်ထား မေးမြန်းရာမှာ ဆရာတော် အရှင်ဝီရသူ (မစိုးရိမ်) က တုန့်ပြန်မိန့်ကြားလိုက်တာပါ။ ■ MCN သတင်းဌာနအနေနဲ့ အမြင်သဘောထား မတူညီအပေါ် အပြန်အလှန် ဆွေးနွေးတွေကနေ အဖြေရရှိနိုင်စေဖို့ ရည်ရွယ်ပြီး ၂၀၀၇ ရွှေဝါရောင်သံဃာတော် တစ်ပါးဖြစ်တဲ့ ဆရာတော် ဦးပဏ္ဍ၀ံသကို ဖင့်ဖိတ်လျှောက်ထား မေးမြန်းပြီး ထုတ်လွှင့်ခဲ့တာပါ။ ■ ဒါပေမယ့် အဲ့ဒီရည်ရွယ်ချက်နဲ့ ဆန့်ကျင်လျှက် တွေ့ဆုံမေးမြန်းခန်းအပေါ် အခြေပြုပြီး အပြန်အလှန်ဆွေးနွေးမှုအဆင့်ကနေ ဆရာတော်-သံဃာတော် (၂) ပါးစလုံးရဲ့ ဘာသာရေး၊ နိုင်ငံရေးနဲ့ အမျိုးသားရေးဆိ
Back to Top