ယောဂီဒေါ်နန္ဒမာလာကို အမှုဖွင့်ဖို့ လာသူအား မြို့နယ်မှူးက အမှုမဖွင့်ဘဲ ညှိနှိုင်းဖို့ အကြံပေး

ယောဂီဒေါ်နန္ဒမာလာကို အမှုဖွင့်ဖို့ လာသူအား မြို့နယ်မှူးက အမှုမဖွင့်ဘဲ ညှိနှိုင်းဖို့ အကြံပေး ------ အကုန်သိ မှုခင်း ------ ငွေကြေးလိမ်လည်မှုဖြင့် ဖမ်းဆီးအရေယူခြင်းခံနေရတဲ့ အကြားအမြင်ရယောဂီမယ်တော်ကြီးဆိုသူ ဒေါ်နန္ဒမာလာကို နောက်ထပ် အမှုဖွင့်သူ ပေါ်ပေါက်လာခဲ့ပါတယ်။ သူဟာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှဖြစ်ပြီး ဖုန်းငွေဖြည့်ကဒ်နဲ့ ပတ်သက်ပြီး ငွေကျပ် သိန်း ၃၅၀ ကျော် လိမ်လည်ခံထားရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မင်္ဂလာဒုံမြို့မရဲစခန်းမှာ အမှုလာဖွင့်တိုင်ကြားရာမှာတော့ မြို့နယ်မှူးက ဒေါ်နန္ဒမာလာဟာ အရင်နဲ့ မတူတော့ဘဲ ဘဏ်ထဲမှာ ငွေအမြောက်အများရှိနေလို့ ညှိနှိုင်းသင့်တယ်လို့ အကြံပေးခဲ့ကြောင်း ပြောပါတယ်။အမှုဖွင့်သူ ဒေါ်တင်မေရဲ့ တိုင်ကြားသံကို နားဆင်ကြည့်နိုင်ပါပြီ။ မေးမြန်း - နိုင်မင်းလွင်၊ တင်ဆက် - အိဖြူသိမ့်၊ တည်းဖြတ် - သူရိန်
Back to Top